Loading...
仰光 – 濟州島– 首爾 – 仰光 ( 8天/ 7夜) 
 11 Aug 2018
                        Yangon - Jeju - Seoul - Yangon ( 8D/7N )            
Day 1(Oct 24): Yangon – Jeju ( - , L , D )
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  Hong Kong  သို့ Dragon Airline ဖြင့် စတင်ထွက်ခွာပြီး Transit ဖြတ်သန်းကာ တောင်ကိုရီးယားနိုင်ငံ  ဂျယ်ဂျူးကျွန်းသို့  ဆက်လက်ထွက်ခွာပါမည်။  ဂျယ်ဂျူးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧည့်လမ်း ညွှန်မှ လာရောက်ကြိုဆိုပြီး နေ့ လည်စာကို အဟာရရှိသော ဂျင်စင်းကြက်ပေါင်း နှင့် ကိုရီးယားရိုးရာ ခေါက်ဆွဲဖြင့် သုံးဆောင်ပါမည်။
ထို့ နောက် ဂျယ်ဂျူးကျွန်းရှိ Jeju Folklore & Natural History Museum ,Teddy Bear Museum နှင့် နာမည်ကျော်ကြား၍ ထူးခြားသော Mysterious Road , ချော်ရည်မှဖြစ်လာသော သဘာဝကျောက်ဆောင်များနှင့် အလွန်သာယာလှပသော Dragon Head Rock စသောနေရာများကို သွားရောက်လည်ပတ်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် လတ်ဆတ်ပြီး အရသာရှိသော Seafood ဖြင့် သုံးဆောင်ပြီးနောက် 4 Stars Hotel တွင် Check In ၀င်ပြီးအေးချမ်းစွာအိပ်စက်အနားယူပါမည်။
Day 2(Oct 25): Jeju sightseeing ( B,L,D )
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဂျယ်ဂျူးကျွန်းရှိရေတံခွန်များအနက် သာယာလှပသော Jeong-Bang Waterfall တွင် အပန်းဖြေအနားယူပြီး ထူးဆန်းသောပုံစံဖြင့်တည်ဆောက်ထားသော, Sayeongyo Bridge , Saeseom Island စသောနေရာများသို့ သွားရောက်၍ အပန်းဖြေပါမည်။
နေ့ လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် လှပသောပင်လယ်ပြင်ကို မြင်တွေ့ နိုင်ပြီး ချော်ရည်ပူများမှ သဘာဝအတိုင်းဖြစ်ပေါ်နေသော ဆဌဂံကျောက်တိုင်ကြီးများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူကြမည်။ ဆက်လက်၍ နာမည် ကျော် လဖ္ဘက်စိမ်း ထုတ်လုပ်ရောင်းချရာ O' Sulloc Museum တို့ ကို သွားရောက်လည်ပတ်ပါမည်။ ညစာကို စား သောက်ဆိုင် တွင် သုံးဆောင်ပြီးနောက် ရင်သပ်ရှုမောဖွယ် ရသမျိုးစုံ ခံစားနိုင်သော ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Nanta Show ကို သွားရောက်ကြည့်ရှုပြီး ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။
Day 3(Oct 26): Jeju sightseeing ( B,L,D )
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဂျယ်ဂျူးကျွန်းအရှေ့ ဘက်စွန်းရှိ ထူးခြားဆန်းပြားစွာ လှပ နေသော Sunrise Peak ခေါ် Seonsanllchulbong Peak  နှင့် နာမည်ကျော် All In ကိုရီးယားဇာတ်လမ်းတွဲ ရိုက်ကူးရာ Seopjicoji တို တွင် အနားယူအပန်းဖြေပြီး အမှတ်တရ ဓါတ်ပုံများပျော်ရွှင်စွာ ရိုက်ကူးကြပါမည်။
နေ့ လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက်  Orange Garden သို့ သွားရောက်လည်ပတ်ပါမည်။ ထိုနောက် စိမ်းလန်းလှပပြီး စိတ်ဝင်စားဖွယ်ကောင်းလှသော Kimnyoung Maze Park  ၀င်္ကဘာထဲတွင် လှည့်လည် ကစားကြပါမည်။ညစာကို စားသောက် ဆိုင်တွင် သုံးဆောင်ပြီးနောက် Trick-eye Museum ,Ice Gallery တို့ ကို သွားရောက်လည်ပတ်ပြီး ဟိုတယ်တွင် ပြန်လည် အိပ်စက်အနားယူပါမည်။
 Day 4(Oct 27): Jeju – Seoul   ( B,L,D ) 
ထို့ နောက် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သော ဧက​ပေါင်း 250​ကျော် ​ကျယ်ဝန်းပြီး တောင်ကိုရီးယားနိုင်ငံ၏ အကြီး ဆုံးဖြစ်သော Everland ကစားကွင်းတွင်  တစ်​​နေ့တာ ​ပျော်​ရွှင်စွာ သွား​ရောက်​ အပန်း​ဖြေ ကစားကြပါမည်။ ညစာကို မိမိစိတ်ကြိုက် စားသုံးနိုင်ရန်အတွက် တစ်ဦးလျှင် ကူပွန်တစ်စောင်စနစ်ဖြင့် စီစဉ်​​ပေးထားပါသည်​။ ထို့ နောက် ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။   
Day 5(Oct 28):  Seoul  ( B,L,D )
ဟိုတယ်​တွင်​ နံနက်​စာ သုံး​ဆောင်​ပြီး​နောက် ကိုးရီးယား သမ္မတအိမ်ပြာတော်သို့ ဦးစွာသွားရောက်လည်ပတ်ပြီး ကမ္ဘာ​ကျော်​ကိုရီးယားဂျင်​ဆင်း​ရောင်းချရာ Ginseng Center သို့သွား​ရောက်​၍ ​ဈေးဝယ်​ထွက်​ပါမည်​။ ထို့​နောက်​ ကိုရီးယားနိုင်​ငံ၏ အထင်​ကရ​နေရာတစ်​ခုဖြစ်​သော Deoksugungနန်း​တော်​သို့ သွား​ရောက်​လည်​ပတ်​မည် ဖြစ်​ပါသည်​။
နေ့လည်​စာကို စား​သောက်​ဆိုင်​တွင်​ သုံး​ဆောင်​ပြီး​နောက်​ လူကြိုက်များလှသော​ ကိုရီးယားအလှကုန်​များ​ ရောင်းချရာ Cosmetic shop သို့ သွား​ရောက်​​ဈေးဝယ်​ထွက်​ပါမည်​။ ည​နေပိုင်းတွင် Seoul မြို့၏အလှကို အ​ပေါ်စီးမှ ကြည့်ရှုခံစားနိုင်မည့် N Seoul Towerသို့ သွား​ရောက်​ကာ အပန်း​ဖြေ အနားယူပြီးနောက် Shilla Duty Free တွင် ဈေးဝယ်ထွက်မည်။ ညစာကို စား​သောက်​ဆိုင်​တွင်​ သုံး​ဆောင်​ပြီး​နောက် နာမည်​​ကျော်​ဒုံဒဲမွန်​​ဈေးတွင် သွား​ရောက်​၍ ​ဈေးဝယ်​ထွက်​ပါမည်​။ ထို့​နောက်​ ဟို​တယ်​တွင်​ ပြန်​လည်​၍ အိပ်​စက်​ အနားယူပါမည်​။
Day 6(Oct 29)Nami Island – Seoul    ( B,L,D )
ဟိုတယ်​တွင်​ နံနက်​စာ သုံး​ဆောင်​ပြီး​နောက် နာမည်​​ကျော်​ ကိုရီးယားဇတ်​လမ်းတွဲများ ရိုက်ကူးရာ အလွန်​သာယာလှပ သော Namiကျွန်းသို့ သွား​ရောက်​လည်​ပတ်​မည် ဖြစ်​ပါသည်​။
နေ့လည်​စာကို စား​သောက်​ဆိုင်​တွင်​ သုံး​ဆောင်​ပြီး​နောက် Porphyra Product Factoryသို့  သွား​ရောက်​​လည်​ပတ်ပြီး နာမည်ကျော်ကြားသော Myeongdong District တွင် အမှတ်တရ ပစ္စည်းများ ၀ယ်ယူကြမည်။ ညစာကို စား​သောက်​ဆိုင်​တွင်​ သုံး​ဆောင်​ပြီး​နောက် ဟိုတယ် သို့ ပြန်၍ အိပ်စက်အနားယူပါမည်။
Day 7(Oct 30)Seoul   ( B,L,D )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများရရှိနိုင်သော Healthy Liver, ကိုရီးယား စစ်သမိုင်းကို လေ့လာနိုင်မည့် War Memorial Museum စသောနေရာများသို ဦးစွာ သွားရောက်လည်ပတ်ပြီး နေ့ လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်သည်။
ထို့ နောက် ကိုရီးယားရိုးရာ အမွေအနှစ်များနှင့် ပြည့်နှက် နေသော Bukchon Hankok ကျေးရွာသို့  သွားရောက်လည် ပတ် ကြမည်ဖြစ်သည်။ ဆက်လက်၍ Insadong District တွင် အမှတ်တရ ပစ္စည်းများဝယ်ယူကြမည်။ ညစာကို စားသောက် ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ ပြန်၍ အိပ်စက်အနားယူပါမည်။
Day 8(Oct 31)Seoul  - Yangon   ( B,L, - )
ဟိုတယ်​တွင်​ နံနက်​စာ သုံး​ဆောင်​ပြီး​နောက်​ Super Marketတွင်  ကိုရီးယားနိုင်ငံထုတ်လက်ဆောင်များ ၀ယ်ယူကြမည် ဖြစ်သည်။ထို့ နောက်  နာမည်ကျော် ကာတွန်းဇာတ်ကောင်များ၏ အငွေ့ အသက်များရှိရာ Songwal-Dong Fairy Tale Village နှင့် Incheon China Town သို့ သွားရောက်လည်ပတ်ကြပါမည်။
ထို့နောက် Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Flight Check In ၀င်ကာ Hong Kong မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။
တောင်ကိုရီးယားခရီးစဉ်ဈေးနှုန်း  -   လူကြီး တစ်ဦးလျှင် 1450 USD
ကလေးတစ်ဦးလျှင် 1150USD ( ၂ နှစ်မှ ၁၁ နှစ်အတွင်း)
ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ
  1. ရန်ကုန် - ဂျယ်ဂျူး - ဆိုးလ် - ရန်ကုန်အသွားအပြန်လေယာဉ်လက်မှတ်
  2. ဂျယ်ဂျူး - ဆိုးလ် ပြည်တွင်းလေယာဉ်လက်မှတ်
  3. 4 Starsအဆင့်ရှိဟိုတယ်တွင်7ညတည်းခိုခွင့်
  4. ခရီးစဉ်တစ်လျှောက်အဲကွန်းကားအသုံးပြုမှု
  5. အင်္ဂလိပ် ၊ တရုတ် စကားပြောဧည့်လမ်းညွှန်
  6. မြန်မာခရီးသွားအဖွဲ့ခေါင်းဆောင်
  7. ခရီးစဉ်တစ်လျှောက်ဝင်ကြေးများ
  8. ခရီးစဉ်တွင်ဖော်ပြထားသောမနက်စာ၊နေ့လည်စာ၊ညစာသုံးဆောင်မှုများ
  9. ခရီးသွားအာမခံ
  10. Visa ကြေးနှင့် Visa ၀န်ဆောင်မှုများ
ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ
  1. ကိုယ်ပိုင်အသုံးစာရိတ်များ
  2. ခရီးစဉ်တွင်မပါဝင်သောလည်ပတ်မှုများ
  3. စားသောက်ဆိုင်တွင်မပါဝင်သောအအေးနှင့်အဖျော်ယမကာ
  4. လေယာဉ်တွင်ဝန်ပိုသယ်ဆောင်ခ
  5. ဟိုတယ်တွင် Mini bar အသုံးပြုမှု
ပူးတွဲပါဖိုင်များ
Comments:
Power By SITES.COM.MM မှတ်ချက်ပေး:0.0499 စက္ကန့်